Monday, February 8

iPhone iOS 9 မှ 9.0.2 ထိ iOS များကို Jailbreak ပြုလုပ်နည်း

ဒီနေ့ပဲအသစ်ထပ်တက်လာတဲ့သတင်းအရ iPhone User တွေအတွက်
iPhone on iOS 9.0.2 ကို Jailbreak ပြုလုပ်နိုင်ပြီဖြစ်ကြောင်း
သိရှိရပါတယ်၊ Jailbreak ပြုလုပ်နည်း Tutorial များကိုပုံတွေနဲ့တကွ
ဖေါ်ပြပေးလိုက်ပါတယ် အောက်မှာဆက်လေ့လာကြည့်လိုက်ပါ

အရင်ဦးဆုံး Jailbreak Tool ကိုဒေါင်းလော့ရယူလိုက်ပါ
 http://www.iclarified.com/41827/where-to-download-pangu-jailbreak-from




How to Jailbreak 
===========
၁။ ဒေါင်းလော့ရလာတဲ့ Jailbreak Tool zip ကိုဖြေလိုက်ပါ


၂။ မိမိဖုန်းမှာ Passcode ပြုလုပ်ထားရင်တော့ Turn off ပြုလုပ်ပေးရပါမယ်
အောက်ကပုံအတိုင်းပြုလုပ်ပေးလိုက်ပါ။



၃။ ဖုန်းမှာ iCloud အကောက်မှာ Find My iPhone ကို On ပေးထားမိရင်တော့
Turn off ပြုလုပ်ပေးရမှာပါ။ Setting>iCloud>Find My iPhone>Turn off အောက်ကပုံအတိုင်းတစ်ချက်ချင်းစီနှိပ်ပြီးသွားလိုက်ပါ။



၎။ ဒီတစ်ခါ Airplane Mode ကို enable ပြုလုပ်ပေးလိုက်ပါ။


၅။ Jailbreak မပြုလုပ်မှီမိမိဖုန်းကို Backup ပြုလုပ်ထားဖို့ကို
လုံးဝမမေ့ပါနဲ့၊ ပြီးရင်ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။

၆။ ဒေါင်းလော့ရလာတဲ့ Jailbreak Tool ကို
Desktop မှာထားပြီးဖွင့်လိုက်ပါ။


၇။ Pangu ကိုဖွင့်လိုက်လို့ ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်ပြီးလို့
Pangu ကသိပြီဆိုရင်တော့အောက်ကပုံအတိုင်းအနီရောင်ဖြင့်
ဝိုင်းပြထားတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါ။


၈။ အောက်ကပုံအတိုင်းမြင်နေရရင်တော့ Airplance Mode ဆိုင်ရာကို
ပြောနေတာဖြစ်ပါတယ်၊ အသင့်ပြုလုပ်ထားပြီးဖြစ်လို့ အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါ။

၉။ အောက်ကပုံမှာတော့ Jailbreak Process ကိုစတင်နေပါပြီ


အောက်ကပုံအတိုင်း Jailbreak Process 65% ရာခိုင်နှုန်း
ရောက်တဲ့အခါဖုန်းက Reboot တစ်ကြိမ်ကျသွားပါလိမ့်မယ်။


Reboot ကျပြီးလို့ပြန်တက်လာတဲ့အခါအောက်ပုံအတိုင်း
Airplance Mode ကပိတ်ထားပြီးသားဖြစ်နေရင်တော့
Enable ပြန်ပြုလုပ်ပေးလိုက်ပါ။


အောက်ကပုံအတိုင်း Jailbreak Process 75% ရာခိုင်နှုန်း
ရောက်တဲ့အခါ Pangu Icon ကို Tap Accept ပြုလုပ်ခိုင်းနေတာပါ


Pangu Icon ကို Tap Accept ပြုလုပ်ဖို့အောက်ကပုံအတိုင်း
တစ်ခုချင်းစီအသေအချာပြုလုပ်ပေးလိုက်ပါ

အရင်ဦးဆုံး အနီရောင်နဲ့ဝိုင်းပြထားတဲ့ Pangu icon ကိုတစ်ချက်နှိပ်ပါ
ပြီးရင် တစ်ဖက်ပါပုံအတိုင်း Accept ကိုထပ်နှိပ်ပေးပါ


အောက်ကပုံအတိုင်းမြင်နေရရင်တော့ OK လေးကိုနှိပ်ပေးလိုက်ပါ


၁၀။ အောက်ကပုံအတိုင်း Jailbreak Process 100% ရာခိုင်နှုန်း
ပြနေရင်တော့သင့် iPhone ဗားရှင်း iOS 9 မှ 9.0.2 အထိ
Jailbreak ပြုလုပ်ခြင်းကိစ္စအောင်မြင်စွာနဲ့ပြီးဆုံးသွားပါပြီ။


အောက်ကပုံမှာတော့သင့်ဖုန်းမှာ အချစ်တော် Cydia လေး
အထင်သားရောက်နေပါလိမ့်မယ်။



Ref-www.iclarified.com

အားလုံးကိုကျေးဇူးတင်ပါတယ်

ဇူးနစ်(နည်းပညာ)



minphyothu

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 Minphyothu .